Tuesday, September 25, 2012

ထော့နဲ့ ထော့နဲ့ ဒီမိုကရေစီ (၀ါ) ဆူးကြီးနှစ်ချောင်းကို ဘယ်လိုထွင်မလဲ

ထော့နဲ့ ထော့နဲ့ ဒီမိုကရေစီ (၀ါ) ဆူးကြီးနှစ်ချောင်းကို ဘယ်လိုထွင်မလဲ
ဒေါက်တာလွဏ်းဆွေ

လက်ရှိအခြေအနေမှာ ဗိုလ်သန်းရွှေတို့ စစ်အုပ်စု မတတ်သာလို့ ခွင့်ပြုထားရတဲ့ လွတ်လပ်ခွင့်အချို့နဲ့ မဖြစ်စလောက် အပြောင်းအလဲ ဆိုတာတွေကို ဒီမိုကရေစီလို့ အမည်သိပ်တပ်ချင်သပဆိုရင် “ထော့နဲ့ ထော့နဲ့ ဒီမိုကရေစီ” (၀ါ) စိတ်ရှိသလောက် အားကောင်းမောင်းသန် လှမ်းလျှောက်လို့ မရတဲ့ ဒီမိုကရေစီလို့ပဲ ကင်ပွန်းတပ်ရပေလိမ့်မယ်။ ဘာလို့ အဲသလို ထော့နဲ့ ထော့နဲ့ ဖြစ်နေရသလဲ။ အဖြေက ရှင်းပါတယ်။ နိုင်ငံတော်စစ်တပ်နဲ့ ရဲဌာနကို ကြိုးကိုင်ခြယ်လှယ်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အနှောင့်အယှက်ပေးနေတဲ့ ‘ကာလုံ’ ဆိုတဲ့ ဆူးနဲ့ တိုင်းပြည်စီးပွားရေးကဏ္ဍမှာ လက်ဝါးကြီးအုပ် မောင်ပိုင်စီး လုပ်ဆောင်နေတဲ့ ‘ဦးပိုင်’ ဆိုတဲ့ ဆူး … အဲဒီဆူးကြီးနှစ်ချောင်း စူးနေသေးလို့ ထော့နဲ့ ထော့နဲ့ ဒီမိုကရေစီ ဖြစ်နေရတာပါ။ ပြဿနာပေါင်း မရေမတွက်နိုင်အောင် တက်နေရတာပါ။ ဆက်လည်း တက်နေဦးမှာပါ။

အဲဒီတော့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းဖို့ဆိုရင် အဲဒီစူးနေဆဲ ဆူးကြီးနှစ်ချောင်းကို ထွင်ဖို့ လိုပါတယ်။ အဲသလို ထွင်ပြီးမှသာ ပြဿနာအတော်များများ ပြေငြိမ်းပြီး အခြေခံဥပဒေကို ပြင်ဆင်သင့်တာပြင်ဆင် ဒါမှမဟုတ် အသစ်ရေးဆွဲတန်ဆွဲကာ စစ်တပ်ကို စစ်တန်းလျား ပြန်ပို့နိုင်မှာ ဖြစ်ပါတယ်။ ဆူးကြီးနှစ်ချောင်းကို ထွင်ဖို့ဆိုတာကတော့ လက်ရှိ အခြေခံဥပဒေဘောင်နဲ့ လွှတ်တော်ထဲကနေ စိတ်ကူးယဉ်လို့ မရမှန်း ကလေးကအစ သိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ကျော်ဖြတ်ပြီးလို့ အန်အယ်လ်ဒီ ၀က်ဝက်ကွဲနိုင်ပြန်ပြီး ဦးသိန်းစိန်အစိုးရက ရှောရှောရှူရှူ အာဏာလွှဲပြောင်းပေးတယ်ပဲ ထားဦး၊ ဆူးကြီးနှစ်ချောင်းကို မထွင်နိုင်သရွေ့ကတော့ အလုပ်မဖြစ်တဲ့ ထော့နဲ့ ထော့နဲ့ ဒီမိုကရေစီနဲ့ပဲ ဆက်နှစ်ပါးသွားနေရမှာပါပဲ။ ပြဿနာတွေလည်း တက်ပြီးရင်း ဆက်တက်နေမှာပါပဲ။ အဲဒီတော့ အဲဒီဆူးကြီးနှစ်ချောင်းကို ဘယ်လိုထွင်နိုင်မလဲ စဉ်းစားကြည့်တဲ့အခါမှာ ကျနော့်အနေနဲ့ အောက်မှာ ဖော်ပြမယ့် နည်း (၃) နည်းကို ဦးစားပေး စဉ်းစားမိတယ်။

ပထမနည်း - အာဏာဆုပ်ကိုင်ထားဆဲ စစ်ခေါင်းဆောင်တွေထံ ပေါ်တင် (ဗြောင်) ကမ်းလှမ်း ညှိနှိုင်းတဲ့နည်း

ဒီနည်းက ကျနော်တို့ အတိုက်အခံတွေဘက်က တခါမှ မလုပ်ဆောင်ဖူးသေးပါဘူး။ ဘယ်လိုလဲဆိုတော့ လက်ရှိ ပြည်သူလူထု လက်ခံတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး စုပေါင်းစုံညီ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ပြီး ဦးသိန်းစိန်ရုပ်သေးအစိုးရမှတဆင့် အာဏာစွန့်ရမှာကို စိုးရိမ်မှုကြီးနေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အဓိက စစ်ခေါင်းဆောင်တွေထံ သူတို့လိုချင်တဲ့ ဘ၀အာမခံချက်တွေကို ပေးမယ်၊ ‘ကာလုံ’ နဲ့ ‘ဦးပိုင်’ ကို ဖျက်သိမ်းပေးပါလို့ ကမ္ဘာသိ တရားဝင် ကြေညာကမ်းလှမ်းပြီး အမှန်တကယ် အာဏာစွန့်စေမယ့်နည်းပါ။ ကမ်းလှမ်းမှုကို စစ်ခေါင်းဆောင်တွေဘက်က လက်ခံရင် …

- သူတို့ အာမခံစေချင်တဲ့ အချက်အလက်တွေကို စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဒါမှမဟုတ် သူတို့ရဲ့ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံကိုယ်စားလှယ်တွေ အကြေအလည် ဆွေးနွေးညှိနှိုင်းခြင်း၊
- စစ်သားတမတ်သား မပါဝင်တော့မယ့် ရွေးကောက်ပွဲအသစ်ကို ပြန်လည်ကျင်းပပြီး ၁၀၀ % သော ပြည်သူလူထု ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက စစ်ခေါင်းဆောင်တွေ ဒါမှမဟုတ် သူတို့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူညီပြီးသား အချက်တွေကို လွှတ်တော်မှာ တရားဝင် အတည်ပြုပေးခြင်း၊
- အဆိုပါလွှတ်တော်မှ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း၊
- စစ်တပ်ကို စစ်တန်းလျားကို ပြန်စေပြီး ပြည်ထောင်စုတပ်မတော်ကို စနစ်တကျ ဖွဲ့စည်းခြင်း၊

ဒီနည်းက တခါမှ မလုပ်ဖူးသေးတဲ့နည်းမို့ စိတ်ကူးယဉ်ဆန်ကောင်းဆန်နေပေမယ့် အရှိန်အ၀ါရှိတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ သေချာညှိနှိုင်းပြီး ကမ်းလှမ်းမှုကို ကိုယ့်ဘက်က စတင်လုပ်ဆောင်ရင် ဖြစ်နိုင်ချေ ရှိကောင်းရှိနိုင်တယ်လို့ ယူဆမိလို့ ကျနော့်အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ အဲသလိုမျိုး ပေါ်တင် (ဗြောင်) ကမ်းလှမ်းချက်ကိုမှ စစ်ခေါင်းဆောင်တွေဘက်က မတုံ့ပြန် (၀ါ) လက်မခံဘဲ လက်ရှိအခြေခံဥပဒေ၊ လက်ရှိလွှတ်တော်၊ လက်ရှိအစိုးရနဲ့ပဲ ရှင်းကြပါဆိုရင်တော့ သူတို့ အာဏာမစွန့်ချင်တာ သေချာတယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ အဲဒါဆိုရင် အောက်က နည်းနှစ်နည်းပဲ ရှိတော့တယ်လို့ မြင်ပါတယ်။

ဒုတိယနည်း - စစ်တပ်တွင်းမှ ဒီမိုကရေစီကို အမှန်တကယ်လိုလား ဖော်ဆောင်လိုတဲ့ ပြည်သူ့ဘက်တော်သား စစ်ခေါင်းဆောင်တွေ နိုင်ငံတော်အာဏာကို ခေတ္တသိမ်းပိုက်ရယူပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးကာ ပြည်သူလူထုထံ အာဏာလွှဲပြောင်းပေးအပ်တဲ့နည်း

တတိယနည်း - လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ တပြိုင်နက်တည်း ဖိအားပေးပြီး စစ်တပ်ကို တဖြေးဖြေး ပူးပေါင်းလာစေတဲ့နည်း (ဆေးခါးကြီး သောက်ရတဲ့နည်း)

ဒုတိယနည်းနဲ့ တတိယနည်းကတော့ ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံတွေမှာ ဖြစ်ခဲ့ဖူးပြီးသား နည်းတွေပေါ့။ ကျနော်တို့ဆီက အတိုက်အခံတွေအတွက်တော့ ဒုတိယနည်းကလည်း ဖြစ်ကာမှသာဖြစ် မျှော်လင့်လို့ရကောင်းတဲ့ အရာမဟုတ်တော့ နောက်ဆုံးကျရင် အာဏာရှင်လက်အောက်က လွတ်မြောက်လာတဲ့ နိုင်ငံတွေ အတော်များများ ကျင့်သုံးခဲ့ တတိယနည်း (ဆေးခါးကြီးကို မသောက်ချင်လည်း သောက်ရတဲ့နည်း) နဲ့ပဲ တိုက်ပွဲဝင်ရဖို့ ဖြစ်လာမယ်လို့ ထင်မိပါတယ်။

‘ဆူး’ ဆိုတာမျိုးကလည်း ထွင်ရင် နာတတ်ပြီး နာပြီးမှလည်း ထွက်တတ်တဲ့အမျိုးဆိုတော့ ‘ကာလုံ’ နဲ့ ‘ဦးပိုင်’ ဆိုတဲ့ ဆူးကြီးနှစ်ချောင်း ကျွတ်ဖို့အရေးကတော့ …။ ။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၂း၅၇ နာရီ
၂၅-၉-၂၀၁၂

6 comments:

Unknown said...

တကယ်တော့ ပထမနည်းက အဖြစ်နိုင်ဆုံးနည်းလမ်းပါ။ စစ်တပ်ရဲ့ သဘောထားရပ်တည်ချက် ပြောင်းအောင် လုပ်နိုင်ဖို့က လွယ်ချင်ရင်လည်း တစ်ချက်တည်းနဲ့ ပြီးသွားနိုင်သလို ခက်ချင်၊ ကြာချင်ရင်လည်း အချိန်၁၀ဆုနှစ်လောက် ယူရကောင်း ယူရနိုင်မယ်။ ဒါပေမယ့် အဲဒီလမ်းကို ဒေါ်အောင်ဆန်းစုကြည်လိုက်နေတယ်လို့ ထင်ပါတယ်။ လက်ရှိအနေအထားမှာ နောက်ကွယ်က ကြိုးကိုင်မှုတွေ ရှိနေနိုင်တော့ စစ်ခေါင်းဆောင်ရဲ့ သဘောထား အစစ်အမှန်ကို ရာနှုန်းပြည့် မသိရှိနိုင်သေးသလို လူ့စိတ်ဆိုတာ ဘ၀တစ်ချိုးတစ်ကွေ့မှာ သူတော်ကောင်းစိတ်ထား ပြောင်းလဲသွားနိုင်ပါတယ်။ ပြည်သူတွေရဲ့ ကံကြမ္မာအပေါ် များစွာမူတည်ပါတယ်။ မေတ္တာတရား အားကောင်းတဲ့ လူ့အဖွဲ့အစည်းကသာ ကောင်းတဲ့ ကံကြမ္မာတွေ ဖြစ်တည်ခွင့် ရနိုင်မှာပါ။

S.Maung Chain said...

Than shwe and his companies were not a simple human being.They were yhe patients of spirits netherworld.If we can take out three thorns they w'll die immediately.This is not a easy dream cause they have already preparings and protections .

ဖိုးလမင်း said...

ခင်ဗျား ပြန်လာပြီးတော့ ဖြစ်နိုင်မည့်နည်းတွေနဲ့လက်တွေ့ ကျကျလာလုပ်ပေါ့ဗျာ။ အပြစ်တင်လိုက်။ နည်းလမ်းပေး လိုက်နဲ့ ဆရာကြီးပုံစံလုပ်နေရင်တော့ ခင်ဗျားကို လူတွေက ချဉ်သထက်ချဉ်လာလိမ့်မယ်

Unknown said...

Hyun bin said ဦးပိုင်ကိုဖျက်သိမ်းသင့်ပါပြီ၊ ပြည်သူတွေဆင်းရဲ ကျပ်တည်းပြီး တိုင်းပြည်ဆင်းရဲမွဲတေ နေတဲ့အချိန်မှာ ဦးပိုင်ကလုပ်ငန်းတွေဖြစ်တဲ့ စီးကရက်၊ဘီယာ၊စားအုန်းဆီ......စတဲ့လုပ်ငန်းတွေကနေပြီး ဝယ်ယူခွင့် ပါမစ်ရပြီး တမိသားစုလုံး ဘာလုပ်ငန်းမှလုပ်စရာမလိုဘဲ ဒူးနန်ု့ နေနိုင်တဲ့အပြင် သားသမီးတွေကိုတောင် နိုင်ငံခြားမှာ ကျောင်းထားနိုင်တဲ့သူတွေ ရှိနေပါတယ်၊ဒါ့ အပြင် နိုင်ငံခြားကိုတောင် shopping ထွက်နိုင်ကြပါသေးတယ်၊
ပြည်သူအားလုံး ခံစားစံစားခွင့်ရှိတဲ့ ဒီအကျိုးအမြတ်တွေကို လူတစ်စုကခံစားစံစားနေကြပါတယ်၊
Dr lun swe ခင်ဗျား ဒါတွေကိုဖေါ်ထုတ်ပေးပါ။

Unknown said...

soe zaw
လွဏ်းဆွေ..သနားတယ်၊သောက်ရူး၊အဝေးကနေခုန်ပြ
မနေနဲ့၊ဖုန်မထဘူး၊အပေါ်ကဖိုးလမင်းရဲ့မှတ်ချက်အတိုင်း
ဘဲလို့ပြောချင်တယ်။

Unknown said...

လက်နက်ကိုင်ပြီးတိုက်ပွဲဝင်တဲ့နည်း ...
နိုင်ငံရေးသမားလုပ်ပြီးလူမိုက်စကားပြောနေပါလား...